ကင်မရာမှာ ပြောင်းထားသင့်တဲ့ setting များ

ကျွန်တော်တို့ ကင်မရာတွေမှာ ဘယ်လို ကင်မရာ အမျိုးအစား၊ မော်ဒယ် သုံးသည်ဖြစ်စေ စဝယ်ဝယ်ခြင်းမှာပါလာတဲ့ default camera setting ကို ပြောင်းသင့်တဲ့ ဆက်တင်တွေ ရှိပါတယ်။ ဒီနေ့ အဲဒီ ဆက်တင်တွေ အကြောင်းကို ပြောကြရအောင်။ အခုပြောမှာတွေ လူတိုင်းအတွက် မှန်ချင်မှ မှန်မှာပါ အချို့အချက်တွေက ကိုယ့်အကြိုက်ပေါ်မူတည်ပြီး မပြောင်းပဲလဲထားနိုင်ပါတယ်။
၁ – Auto-focus beeping
Auto-focus beeping ဆိုတာက ကင်မရာ မှာ အော်တိုဖိုးကပ်ဖြတ်တဲ့ အခါ ပုံကြည်လင်ပြတ်သားပါပြီဆိုတာကို ကင်မရာဆရာသိအောင် တီ တီ တီ နဲ့ အချက်ပေးတဲ့ အသံလေးပါ။ ပုံမှန်ဆို စရိုက်ခါစလူအတွက် ကိုယ်ပုံရိုက်ခါနီး ခလုပ်တဝက်ဖိတဲ့ အခါ ဒီအသံလေးနဲ့ ဖိုးကပ်ပြတ်မပြတ် သိနိုင်ပေမယ့် တကယ်တန်း ရိုက်သက်ကြာရင် ဒီအသံကို ပိတ်ပြီး ကင်မရာ ချောင်းကြည့်ပေါက် ဒါမှမဟုတ် စကရင်မှာ တင်ပြတ်မပြတ်ပြတဲ့ focus-peaking ပဲဖြစ်ဖြစ် အစိမ်းရောင်လေး လက်သွားတာဖြစ်ဖြစ် ကြည့်ပြီး ကိုယ်ရိုက်မယ့်ပုံ ပြတ်မပြတ်သိအောင် ကျင့်သင့်ပါတယ်။
မဟုတ်ရင် တီ တီ တီ နဲ့ ဖိုးကပ်ဖြတ်တဲ့ အသံက ကိုယ်ရိုက်မယ့် street လမ်းပေါ်က လူကိုဖြစ်ဖြစ်၊ ကိုယ်ရိုက်မယ့် အစည်းအဝေးခန်းဖြစ်ဖြစ်၊ ကလေးတွေ ရိုက်မှာပဲဖြစ်ဖြစ် နေရာမှာ...