Posts

Showing posts with the label Cinema

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ

Image
  မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်နှစ်ဖြစ်တဲ့ ၂၀၂၀ မှာပဲ လွတ်လပ်တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ဟာလည်း ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကိုဗစ်ရောဂါကူးစက်မှု့ကာကွယ်ဖို့ stay-at-home အမိန့်ထုတ်ထားဆဲကာလဖြစ်တဲ့ ယခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ ဝဿန်ရုပ်ရှင်ပွဲတော်ကို ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အွန်လိုင်းကနေပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခင်နှစ်များမှာတော့ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့လည်ရှိ ဝဇီယာ ရုပ်ရှင်ရုံ နှင့် Goethe-Institue က ကဇာတ်ရုံ တို့မှာ အမြဲကျင်းပခဲ့ပါတယ်။ ယခုနှစ်ပွဲတော်ကို အွန်လိုင်းမှ ပွဲတော်ကိုကျင်းပခြင်းက ပိတ်ကားပေါ်မှာ ရုပ်ရှင်ကားကိုကြည့်ရတဲ့ အရသာ မရနိုင်တော့ပေမယ့် အဆိုးထဲကကောင်းကွက်တစ်ခုကတော့ ရုပ်ရှင်ဆင်ဆာ ဖြတ်တောက်ခြင်းမှ ကင်းဝေးပြီး လွတ်လပ်တဲ့ ဖန်တီးမှု့များပြသနိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မှ ရုပ်ရှင်ချစ်သူများ ပွဲတော်မှာ ပါဝင် ကြည့်ရှုဆင်နွဲနိုင်ခြင်းတို့ကတော့ အားသာချက်တွေဖြစ်ခဲ့ပါသည်။ ယခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်ကို နိုင်ငံ ၂၀ ကျော်မှ ရုပ်ရှင်ကြည့်သူများကနေ အကြိမ်ပေါင်း ၁၄၀,၀၀၀ ကျော် ကြည့်ရှုခဲ့တယ်လို့ ပွဲတော်စီစဉ်သူများရဲ့ သတင်းထုတ်ပြန်ချက...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.