အရေးပေါ်အခြေအနေတွင် သိထားသင့်သော Fight-or-flight နှင့် OODA စက်ဝိုင်း

ကျွန်တော် ဒီတခေါက်တော့ ဓာတ်ပုံအကြောင်း မဟုတ်ပဲ စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ဘယ်လို အတတ်နိုင်ဆုံး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကို လျော့ချနိုင်မလဲဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံမှာက လက်ရှိမှာ စစ်ဘေးဒဏ်ကော၊ သဘာဝဘေးဒဏ်တွေကော ဆက်တိုက်ကြုံနေရတာမို့ အသက်အန္တရာယ်နီးတဲ့ အချိန်ဘယ်လို သတင်းအချက်အလက်နဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်လေ့လာ ခဲ့ရသလောက် ပြန်မျှဝေမှာပါ။ ဒါတွေက လက်ရှိအချိန်မှာ လူတိုင်း သိထားတာ မမှားဖူးလို့ထင်ပါတယ်။ ဒီအချက်အလက်တွေက ကျွန်တော်ကိုယ်တိုင်လဲ HEFAT လို့ခေါ်တဲ့ Hostile Environment & First-Aid Training စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ဇုံတွေမှာ သတင်းယူဖို့ အန္တရာယ်ကင်း အထောက်အကူပြု သင်တန်းမှာ လေ့လာခဲ့ရတာတွေကို ပြန်မျှဝေခြင်းဖြစ်ပါတယ်။ Fight-or-Flight လူတွေကော၊ သက်ရှိ အခြား သတ္တဝါတွေကောမှာ မျှော်လင့်မထားတဲ့ အရေးကြုံလာတဲ့အခါ ပထမဆုံးဖြစ်လာတဲ့ ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမှာ ဒီလိုဖြစ်...