Posts

Showing posts from July 24, 2024

ကင်မရာမှာ ပြောင်းထားသင့်တဲ့ setting များ

Image
  ကျွန်တော်တို့ ကင်မရာတွေမှာ ဘယ်လို ကင်မရာ အမျိုးအစား၊ မော်ဒယ် သုံးသည်ဖြစ်စေ စဝယ်ဝယ်ခြင်းမှာပါလာတဲ့ default camera setting ကို ပြောင်းသင့်တဲ့ ဆက်တင်တွေ ရှိပါတယ်။ ဒီနေ့ အဲဒီ ဆက်တင်တွေ အကြောင်းကို ပြောကြရအောင်။ အခုပြောမှာတွေ လူတိုင်းအတွက် မှန်ချင်မှ မှန်မှာပါ အချို့အချက်တွေက ကိုယ့်အကြိုက်ပေါ်မူတည်ပြီး မပြောင်းပဲလဲထားနိုင်ပါတယ်။ 

၁ – Auto-focus beeping

 Auto-focus beeping ဆိုတာက ကင်မရာ မှာ အော်တိုဖိုးကပ်ဖြတ်တဲ့ အခါ ပုံကြည်လင်ပြတ်သားပါပြီဆိုတာကို ကင်မရာဆရာသိအောင် တီ တီ တီ နဲ့ အချက်ပေးတဲ့ အသံလေးပါ။ ပုံမှန်ဆို စရိုက်ခါစလူအတွက် ကိုယ်ပုံရိုက်ခါနီး ခလုပ်တဝက်ဖိတဲ့ အခါ ဒီအသံလေးနဲ့ ဖိုးကပ်ပြတ်မပြတ် သိနိုင်ပေမယ့် တကယ်တန်း ရိုက်သက်ကြာရင် ဒီအသံကို ပိတ်ပြီး ကင်မရာ ချောင်းကြည့်ပေါက် ဒါမှမဟုတ် စကရင်မှာ တင်ပြတ်မပြတ်ပြတဲ့ focus-peaking ပဲဖြစ်ဖြစ် အစိမ်းရောင်လေး လက်သွားတာဖြစ်ဖြစ် ကြည့်ပြီး ကိုယ်ရိုက်မယ့်ပုံ ပြတ်မပြတ်သိအောင် ကျင့်သင့်ပါတယ်။ 

မဟုတ်ရင် တီ တီ တီ နဲ့ ဖိုးကပ်ဖြတ်တဲ့ အသံက ကိုယ်ရိုက်မယ့် street လမ်းပေါ်က လူကိုဖြစ်ဖြစ်၊ ကိုယ်ရိုက်မယ့် အစည်းအဝေးခန်းဖြစ်ဖြစ်၊ ကလေးတွေ ရိုက်မှာပဲဖြစ်ဖြစ် နေရာမှာ...

မန်မိုရီကတ် အတွက် အကြံပြုချက်များ

Image
  Digital ခေတ်ရောက်လာတော့ ကင်မရာတွေက အရင်လို ဖလင် မလိုတော့ပဲ memory cards ထည့်ရတာတွေ ဖြစ်လာတာပေါ့။ ဖလင်မဟုတ်တော့ သယ်ရတာသက်သာ သလို process လုပ်ရတာလဲ ပိုမြန်တယ်လေ။ တခုရှိတာက memory card ပျက်တာတွေ ဖြစ်တတ်တော့ ကတ်တွေကို ဘယ်လို ထိမ်းသိမ်းသင့်တယ်ဆိုတာလေး ပြန်မျှဝေပါရစေ။ ကျွန်တော်တို့ ဓာတ်ပုံ ကင်မရာတွေမှာ အသုံးများတဲ့ ကတ် အမျိုးအစားတွေကတော့ Secure Digital Card လို့ခေါ်တဲ့ SD cards, microSD cards, Secure Digital High Capacity SDHC card, Secure Digital Extended Capacity SDXC card, Compact Flash card လို့ခေါ်တဲ့ CF card တွေ အသုံးများပါတယ်။ ဒီ အပေါ်ကပြောခဲ့တဲ့ ကတ် အမျိုအစားတွေကို flash memory card လို့ ခေါ်ပြီး လှုပ်ရှားတတ်တဲ့ အစိတ်အပိုင်း တခုမှမပါဝင်ပဲ solid state အမျိုးအစား ကတ်တွေပါ။ ဗီဒီယို ကင်မရာတွေမှာ Action camera တွေမှာ microSD card သုံးကြပြီး ကင်မရာအကြီးတွေမှာတော့ SD card, CF card, CFast 2.0 card, XQD card, SSD ကတ် စသဖြင့်သုံးကြပါတယ်။ ဗီဒီယိုကင်မရာတွေမှာ အထူးသဖြင့်ကွာတာက read / write speed မြန်တဲ့ ကတ်တွေဖြစ်လာပြီးတော့ RAW ရိုက်လို့ရတဲ့ ကင်မရာဆိုရင် SSD တွေ CFast Express တွေ သုံးတာမို့...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.