Posts

Showing posts from August 5, 2024

Dear Streetphotographers ဓာတ်ပုံဆိုတာ ကမ္ဘာသုံး ဘာသာစကားပါ

Image
  Visual Arts ကို ကြိုက်မိတဲ့အထဲမှာ အချက်တစ်ချက်က visual arts ဟာ universal language တစ်ခုဖြစ်တယ် လူသားတိုင်း ယေဘူယအားဖြင့် နားလည်ခံစားလို့ရအောင် လုပ်ပေးနိုင်တယ်လို့ ခံစားမိတာကလဲ တစ်ချက်ပါပါတယ်။ Visual arts တွေဖြစ်တဲ့ photography, icon design, UX လုပ်တာပဲဖြစ်ဖြစ် pictogram ပဲဖြစ်ဖြစ် ပန်းချီကားတစ်ချပ်ပဲဖြစ်ဖြစ် အားလုံးဟာ ဘာသာစကား တစ်ခုခုကို မမှီခိုပဲ ကြည့်ရှုခံစားသူ viewer နဲ့ communicate လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ကျွှန်တော်တို့ ဘယ်နိုင်ငံပဲသွားသွား လေဆိပ်တွေမှာ ရှော့ပင်းမောတွေမှာ သူတို့နိုင်ငံဘာသာစကား မတတ်ဘူး၊ စာမဖတ်တတ်သည့်တိုင်အောင် အိမ်သာကဘယ်နေရာမှာ ဓာတ်လှေကားက ဘယ်မှာ မီးလောင်ရင်ထွက်ရမယ့် အပေါက်ကဘယ်မှာ စသဖြင့် ခွဲခြားသိကြပါတယ်။ ဆိုလိုတာက အဲဒီ pictogram လေးတွေဟာ ဘာသာစကားအပေါ်မမှီခိုပဲ လူတိုင်း အခြေခံနားလည်နိုင်တဲ့ universal language ဖြစ်တာကြောင့်ပါ။ ဒီအချက်လေးကို သတိပြုမိရင် သူ့ရဲ့ အရေးပါတဲ့အချက်လေးကိုခံစားမိရင် street photographer တွေ အနေနဲ့ သတိထားသင့်တာက ကိုယ့်ရဲ့ ဓာတ်ပုံဟာ ဘာသာစကား စာတစ်ခုခုကို မှီခိုမှ အဓိပ္ပါယ် တစ်ခုခုရှိတယ်ဆိုရင် တစ်ခုခုတော့လွဲနေပြီ ဆိုတဲ့အချက်ကိုသတိထားသ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.