Visual Arts နှင့် အမြင်ပိုင်းဆိုင်ရာ အနုပညာ ဖွဲ့စည်းပုံ

 

Rule of third
Rule of third grid

ကျွန်တော်က အရင်ကတည်းက visual arts တွေ ကြိုက်တယ် ဂရပ်ဖစ်ဒီဇိုင်း လဲ နှစ်သက်တယ်၊ အလုပ်လုပ်တယ် နောက်ပိုင်း ဓာတ်ပုံပါရိုက်ဖြစ်ပေမယ့် အလုပ်တွေက visual arts တွေ ဖြစ်တာနဲ့ အညီအခြေခံတွေက တူပါတယ်။ အရင်ကလဲ အားတိုင်းစဉ်းစားရင်း စိတ်ထင်ရာရေးတာမို့ အမြင်မတူရင်လဲ အားနာစရာမရှိပဲ လွပ်လွပ် လပ်လပ် ဆွေးနွေးလို့ ရပါတယ်။


စဉ်းစားမိသလောက်ပေါ့ visual arts မှာ အကန့်အသတ် limit ရှိတယ်လို့ ထင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာမဟုတ်ပါဘူး မီဒီယမ် အကန့်အသတ်ပါ။ ပန်းချီပဲဖြစ်စေ၊ ဂရပ်ဖစ်ပဲဖြစ်စေ၊ ဓာတ်ပုံပဲဖြစ်စေ၊ ဗီဒီယိုဂရပ်ဖီပဲဖြစ်စေပေါ့။ လေးထောင့် အကန့်အသတ်လား၊ wide 16:9 အချိုးနဲ့ လားစသဖြင့်ပေါ့ ရှိတယ်။ စဉ်းစားမိသလောက် visual မှာ လုပ်မယ်ဆို visual performance art သာလျှင် အကန့်အသတ် ဘောင် မရှိသလို viewer က ကြိုက်တဲ့နေရာက ကြည့်လို့ ရတယ်လို့ထင်ပါတယ်။ 360º မှာအကန့်အသတ်မရှိတော့ဘူးထင်ရပေမယ့် perspective လို့ခေါ်တဲ့ ရှုထောင့်က ဖန်တီးသူပြတဲ့နေရာကပဲ ကြည့်ရပါတယ်။ ကျန်တဲ့ viewer က ကြိုက်တဲ့နေရာက ကြည့်လို့ မရဘူး နောက် မီဒီယမ် မှာ အကန့်အသတ် ဘောင်ရှိတယ်။ ဆိုတော့ အနုပညာရှင်က ဘာပြချင်သလဲပေါ်မူတည်ပြီး ဘောင်ထဲမှာ ထည့်ပြရတော့တယ်။


အဲဒီ အခါမှာ viewer နဲ့ ချိတ်ဆက် engage ဖြစ်နိုင်ဖို့ composition ဆိုတဲ့ နေရာအထားအသိုက အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံကြီးအကြီးကြီးထုတ်ထားပြီးပြရင် composition ဘာလိုမှာလဲ မေးစရာရှိပေမယ့် တကယ်တမ်း နံရံအပြည့် ဘုတ်ထောင်ထားရင်တောင် viewer ရဲ့ မျက်လုံးမြင်ရတဲ့ ပမာဏဟာ တစ်ခုလုံးကို ခြုံပြီး ကြာကြာကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ နောက် လူ့စိတ်၊ မျက်လုံးဟာ တစ်ကြိမ်မှာ တစ်နေရာသာ ရောက်တာမို့ ဘယ်လောက်ကြီးကြီး လုပ်ထားထား composition ဟာ အရေးပါနေမှာပါပဲ။


ပုံမှန်တော့ composition အတွက် rule of third တွေ golden ratio တွေ ရှိပေမယ့် လိုက်နာရင် အနုပညာ ပုံဖော်ချက်ကောင်း တစ်ခုဖြစ်နိုင်သလို ပိုင်နိုင်နေလို့ rules တွေ ချိုးဖောက်မယ် ဆိုရင်လဲ perfect ဖြစ်နေမှာပါပဲ။ ဒါက ပြချင်တဲ့ subject ပေါ်မူတည်မယ်ထင်ပါတယ်။ 3rd rules လိုက်နာထားရင် မျက်လုံးက rules of third ဆုံမှတ်တွေကို ကြည့်မှာ ဖြစ်ပေမယ့် ပုံမှာ မျဉ်းစောင်းတွေ line တွေ သိသာထင်ရှားတဲ့ element ပါရင်လဲ rules of third ကို အလွယ် တကူချိုးဖောက်လို့ ရတာပါပဲ။ ဒါမှမဟုတ် အရောင်ပါရင် ပိုလင်းတဲ့ vibrant အရောင်တွေသုံးပြီး viewer eyes ကို first sight မှာ rules of third ကို သူမကြည့်နိုင်ခင်မှာ ဆွဲခေါ်လို့ ရမယ်လို့ ထင်မိပါတယ်။



နောက် အရှင်းဆုံးပုံစံ minimalism တွေမှာ rules of third လိုက်နာရင်လှသလို မလိုက်နာပဲ ပုံပေါ်မူတည်တဲ့ ပုံစံချရင်လဲ လှမယ်လို့ ထင်ပါတယ်။ Rules ဆိုတာတွေက common ဖြစ်တဲ့ နားလည်မှု့ ဒါမှမဟုတ် သုတေသနပြုလေ့လာထားတဲ့ အချက်အလက်တွေ ဖြစ်နိုင်ပါတယ် ဒါပေမယ့် viewer နဲ့ artist ၂ ဦး ကြားထဲမှာ နားလည်မှု့ တည်ဆောက်ထားနိုင်မယ်ဆိုရင် rules တွေ မလိုက်နာလဲ ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။


နောက်တစ်ခုက limit ဘောင်တွေရှိလာတဲ့ အခါ ကိုယ့်ရဲ့ artwork ကို ဘယ်လိုထားမလဲဆိုတာ အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံမှန်တော့ လူတွေက တစ်ခန်းလုံး လင်းနေတဲ့အထဲက လင်းနေအောင် lighting ပေးထားတဲ့ artwork ထက်၊ ခပ်မှိန်မှိန် အခန်းထဲက အလင်းနဲနဲပဲပေးထားတဲ့ artwork တွေကို ပိုစိတ်ဝင်စားမယ်လို့ ထင်တယ်။ နောက် average viewers တွေရဲ့ eye level က အရေးပါလိမ့်မယ်။ လူတွေက တော်ရုံပျင်းပါတယ် eye level မဟုတ်တဲ့ နေရာက artwork ကို မျက်လုံးအပေါ်ကို နဲနဲပင့်ကြည့်လို့ အဆင်ပြေရင် ခေါင်းမလှုပ်ပဲ မျက်လုံးကစားပြီး ကြည့်မှာ ဖြစ်ပြီး ခေါင်းပါ တကယ်လိုအပ်လို့ မေါ့ရမယ်ဆိုမှ စမော့ပါလိမ့်မယ်။


သေချာတာက Eye level မှာထားတဲ့ artwork တွေကသာ လူပိုအကြည့်များပါလိမ့်မယ်။ နောက်တစ်ခုက viewer နဲ့ engage ဖြစ်ချင်ရင် artwork ရဲ့ အရွယ်အစားလိုက်ပြီး viewer အတွက် နောက်ဆုတ်ဖို့ နေရာလဲ လိုအပ်ပါတယ်။ အခန်းကျဉ်းထဲမှာ billboard လောက် သွားထားရင်တော့ အခန်းအပြင်က ထွက်ကြည့်မှ ပေးချင်တဲ့ ရသကို ပေးလို့ ရပါလိမ့်မယ်။ နောက် မလိုအပ်ပဲ artwork တွေကို အကြီးကြီးလုပ်ချင်တဲ့ artist တွေလဲ သိထားသင့်ပါတယ် သေးတိုင်း မကောင်းတာမဟုတ်သလို ကြီးတိုင်းကောင်းတာလဲ မဟုတ်ပါဘူး။



တစ်ခါက ဆုံခဲ့ဖူးတဲ့ ဓာတ်ပုံဆရာ Philip Blenkinsop ပြောသလိုပါပဲ artwork ကို မလိုအပ်ပဲ အကြီးကြီးတွေ မလုပ်သင့်ဘူးဆိုတာပါ။ သူပြောတာက သူ့ ဓာတ်ပုံတွေကို ပြခန်းမှာ ပြတဲ့အခါ အချို့ ပုံတွေကို သေးသေးလေးပဲ print လုပ်ထားပါတယ်တဲ့။ အထူးသဖြင့် သူရိုက်ထားတဲ့ စစ်ပွဲတွေရဲ့ ရက်စက်မှု့လိုပုံမျိုးတွေပေါ့ လုပ်ထားပါတယ်တဲ့။ အထူးသဖြင့် သူရိုက်ထားတဲ့ စစ်ပွဲတွေရဲ့ ရက်စက်မှု့လိုပုံမျိုးတွေပေါ့။ ပုံသေးသေးထားထားတော့ viewer က တစ်ယောက်သာ ကြည့်လို့ရပြီး ပုံထဲမှာ အာရုံနှစ်ပြီးဝင်သွားသလို ဘေးနားမှာ လူတွေအုံပြီး ကြည့်လို့မရတဲ့အခါ တစ်ယောက်ထဲနဲ့ ပုံထဲက ကြောက်စရာကောင်းတဲ့ ရသကို သူ့ကို ကူးပေးနိုင်မယ် လို့ဆိုပါတယ်။


Composition အရေးပါလာတဲ့ အခါ အခြား ပန်းချီလိုမျိုးမှာ မရှိပေမယ့် ဖိုတိုဂရပ်ဖီမှာက အချိုးအစားမကျတဲ့အခါ cropping ဖြတ်ဖို့ လိုတာတွေ ရှိပါတယ်။ ဖြတ်စရာမလိုပဲ ကိုယ်သုံးတဲ့ လန်းစ်ရဲ့ မြင်ကွင်းနဲ့ အချိုးကျအောင် ရိုက်ထားနိုင်ရင်ပိုကောင်းပြီး အချိန်ရယ် အခွင့်အရေးမရလို့ အချိုးအစား ကျအောင် ပြန်ဖြတ်ဖို့လိုတာတွေ ရှိပါတယ်။ ဖလင်ခေတ်တုန်းကတော့ cropping ဖြတ်ဖို့ cutter အလုပ်တွေ အများကြီးရှုပ်ပေမယ့် ဒီဂျစ်တယ်မှာတော့ cropping က mouse drag ဆွဲပြီး လိုချင်တဲ့ အချိုးအစား ဖြတ်ရုံပါပဲ။ Grid display ဖွင့်ထားရင်တော့ rules of third တောင် အလွယ်တကူ ဖြတ်လို့ ရပါသေးတယ်။ တစ်ခုတော့ ရှိတယ် megapixel နဲတဲ့ ကင်မရာတွေမှာ cropping များများ လှီးထုတ်ရင်တော့ နဲနဲသတိထားသင့်တာပါပဲ။


Composition မှာ balance ညီအောင် လုပ်ဖို့ကလဲ အရေးပါသလို balance မညီတာကလဲ art ဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။ နောက် ကြည့်စရာ subject, elements တွေက သိပ်ကောင်းနေရင် basic rules တွေ မလိုအပ်ပါဘူး။ composition rules ဆိုတာက စိတ်ထဲစဉ်းစားမိသလောက် ပြောရရင် တစ်စက္ကန့်မှာ အကြိမ်များများ အလုပ်လုပ်ပြီး တစ်ချိန်ကို တစ်ခုပဲ အာရုံစိုက်နိုင်တဲ့ မျက်လုံးကို ဒီနေရာလေး အရင်ကြည့်ပါ နောက် ဒီနေရာ၊ နောက်တစ်ခုက ဒီနေရာ ကြည့်ပါစသဖြင့် point လေးတွေ ပေးသလိုပဲလို့ ထင်မိပါတယ်။ အဓိကက viewer က artwork ကို ကြည့်နေရင် lost ဖြစ်ပြီး ဘာကြည့်ရမလဲစိတ်ထဲဖြစ်ပြီး artwork ကို အာရုံမစိုက်လိုက်နိုင်မှာ စိုးလို့ လုပ်ထားပုံရပါတယ်။ ဆိုတော့ viewer နဲ့ artist ကြားမှာ နားလည်မှု့ တည်ဆောက်ထားနိုင်မယ်ဆိုရင် rules တွေ မလိုက်နာတာကလဲ composition မှန်တယ်လို့ ပြောလို့ရပြီး ခံစားသူနဲ့ အနုပညာ artwork ထိပ်တိုက်တွေ့လို့ရအောင် လုပ်နိုင်မယ်လို့ ထိမိပါတယ်။ အဓိကကတော့ ဘာပဲလုပ်လုပ် ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အခြေခံလုပ်သင့်တယ်လို့ထင်ပြီး အမြင်ထူးဆန်းသွားစေချင်ရုံနဲ့ rules စည်းမျဉ်းတွေ ချိုးဖောက်ရင်တော့ အလုပ်ဖြစ်မယ်လို့ မထင်ပါဘူးဗျာ။ 

All photos by Htoo Tay Zar

Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ