မှတ်တမ်းဓာတ်ပုံ စရိုက်မည့်သူများအတွက် အကြံပေးချက် ၅ ချက်

ကျွန်တော်တို့ ဒီတခေါက်မှာတော့ မှတ်တမ်း ဓာတ်ပုံရိုက်ဖို့ စတိုရီ ဘယ်လိုရှာရွေးမလဲ၊ ပရောဂျက်ကို ဘယ်လို မှတ်တမ်းတင်မလဲ ဆိုတဲ့အကြောင်း ပြောရအောင်ပါ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ အရာအားလုံးက အချိန်နဲ့ အမျှ အရမ်းအပြောင်းအလဲ မြန်နေတဲ့အချိန် မှတ်တမ်း တင်ထားဖို့က အရင်ကထက် အရမ်းပိုလိုအပ်နေပါပြီ။ ကျွန်တော်တို့ ဘေးနားက သိတဲ့လူတွေလဲ နေ့မြင်၊ ညပျောက် တယောက်တနေရာဖြစ်ကုန်တာတွေ၊ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး အဆိုးဖက်ပြောင်းလာတာက အစ နောင်တချိန်မှာ ကျွန်တော်တို့ ခေတ်ပျက်ကြီးကို ဒီလို ဖြတ်သန်းခဲ့ရပါတယ်ဆိုတာ မှတ်တမ်းတွေနဲ့ ပြန်ပြောဖို့လိုပါတယ်။ နယ်မြို့လေးတွေက အဆောက်အအုံတွေ ဆိုလဲ နေမြင်ညပျောက် ပျက်စီးကုန်တာ၊ ရိုးရာ အဆောက်အဦး၊ ရိုးရာအိမ်က အစ ကွယ်ပျောက်သွားတာ၊ ရိုးရာဓလေ့အကြောင်း သိသူတွေ မရှိတော့တာတွေက အစ အချိန်ရှိတုန်း မှတ်တမ်းတွေ လုပ်ဖို့လို့ပါတယ်။ စာရေးတာ အားသာသူက ဒိုင်ယာရီ၊ ဂျာနယ် လိုရေးမှတ်ထားတာ၊ ဓာတ်ပုံ၊ ဗီဒီယိုသမားက မှတ်တမ်းတင်ထားတာ အကုန်လုပ်ဖို့လိုပါတယ်။ Storytelling ဆိုတာ ကမ္ဘာပေါ်က အခြား သတ္တဝါတွေမှာ မရှိတဲ့ ပညာရပ်...