Posts

Showing posts from July 22, 2025

ရောက်တတ်ရာရာအတွေးများ၊ အရှင်းရှင်စနစ် နှင့် ခေတ်ပေါ်ပြသနာများ

Image
  ဒီတခေါက်တော့ ဓာတ်ပုံအကြောင်း မဟုတ်ပဲ ဘဝဒဿနတွေအကြောင်း နည်းနည်းပွားရအောင်ဗျာ။ ကျွန်တော့်အတွက်တော့၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘဝကနဲ့ ခံယူချက်တွေက ပိုပြီး ပြောင်းလဲသွားတယ်။ ဒီနှစ်တွေမှာ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ ရှာဖြစ်တယ်ပေါ့။ တကယ်တော့၂၀၂၁ မတိုင်ခင်ကလည်း ဘဝက အရမ်းကြီးတော့ ရည်မှန်းချက်ကြီးတခုနဲ့ အရမ်းကြိုးစားနေတဲ့ အထဲလဲမပါပါဘူး။ အဲဒီကတည်းက ကိုယ်လုပ်ချင်တာပဲလုပ်နေတာ၊ ပိုက်ဆံရမယ်ဆိုတိုင်းလဲ အလုပ်တွေ လျောက်မလုပ်ခဲ့ဘူး။ ပိုက်ဆံများများရမယ့် ပရောဂျက်တွေ လာအပ်ပေမယ့် ကိုယ်စိတ်မဝင်စားလို့၊ ဒါမှမဟုတ် ခံယူချက်နဲ့ မကိုက်လို့၊ ကိုယ်ခံစားလို့မရတဲ့ အကြောင်းအရာမို့၊ artistic direction မတူလို့ စသဖြင့် ငြင်းခဲ့တာတွေလဲ အများကြီးပါ။   အခွင့်ထူး ဘဝမှာ လုပ်ချင်တာလုပ်ဖို့လိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိမှုတွေက အရင်ကတည်းက အမြဲရှိပါတယ်။ ဘာကြောင့် အဲဒီလိုရှိတာလဲ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်တော့ အချို့အခြေခံအကြောင်းအရာတွေ နဲ့ ကိုယ်မသိလိုက်ပဲ ရနေခဲ့တဲ့ အခွင့်ထူး (privileges) တွေ ပြန်တွေ့ရတယ် အထူးသဖြင့် အမေ ရဲ့ သွန်သင်ဆုံးမ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.