Posts

Showing posts from September 4, 2024

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Image
  တကယ်တော့ ကျွန်တော် ကင်မရာ နဲ့ ဝေးသွားတာ အတော်ကြာပြီဗျ ၂၀၂၁ ကတည်းကပဲ။ အဲဒီကတည်းက ကျပ်ငွေဈေးစကျတာကော၊ နိုင်ငံရေးမတည်ငြိမ် ​ နောက် ကိုဗစ်တွေဖြစ်နဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပါပဲ။ နောက်တော့ ကျွန်တော် နိုင်ငံခြားပြောင်းဖြစ်တယ် အဲဒီမှာတော့ သိတဲ့အတိုင်း အရင်းရှင်စနစ် capitalism ထွန်းကားတော့ ဘာလိိုလိုအကုန်ရတယ် နောက်ဆုံးပေါ် ကင်မရာတွေလဲ ထွက်ပေမယ့် မကြည့်ဖြစ်တော့ဘူး။ ငွေမပေါတော့ မဝယ်နိုင်တော့သလို သွားကြည့်နေရင်လဲ လောဘတက် လိုချင်နေတာပဲဖြစ်မှာ စိုးလို့ မကြည့်ဖြစ်ဘူး။   အရင်အဲဒီမတိုင်ခင်ကတည်းကလည်း ကျွန်တော် gear တွေနဲ့ အလှမ်းဝေးနေတာကြာပါပြီ။ ဆိုတော့ ကျွန်တော့်ကို ကင်မရာအကြောင်းလာမေးရင် အားနာတယ်ဗျ ကျွန်တော် မညွှန်းတတ်သလို၊ ဘာမော်ဒယ်တွေထွက်နေပြီ ဘာတွေ အားသာလဲ၊ ဘယ်ဈေးလဲ မသိတော့ပါဘူး။ Digital တင်မသိတာမဟုတ်ပါဘူး ဖလင်ကင်မရာအကြောင်းလဲ ဘာမှမသိပါဘူး ကျွန်တော်ကိုင်ဖူးတဲ့ မော်ဒယ်ပဲသိပါတယ်။ ဒီနှစ်အစကမှ အသိမိတ်ဆွေတွေ သူတို့ရုံးအတွက် ကင်မရာလိုတယ်ဆိုမှ ချင်းမိုင်က Big Camera, Zoom တို့ လိုက်ပေးဖြစ်မှ Canon R series ဆိုလဲ အများကြီးရှိမှ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.