Street Photographer များ လုပ်မိလေ့ရှိသော အမှားများ

Street photography ဆိုတာ လွယ်မလိုနဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ အမျိုးအစားတခုပါ။ Rules တွေကို လိုက်နာဖို့လိုတဲ့ အခါလဲ လိုတယ် ဖောက်ထွက်ဖို့ လိုတဲ့ အခါလဲ လိုပါတယ်။ နောက်တခုက မြို့ပြနေ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် အိမ်ကထွက်လိုက်တာနဲ့ လမ်းပေါ်ရောက်ပြီး ရိုက်ကူးဖို့၊ လေ့ကျင့်ဖို့ အလွယ်ရောက်နိုင်တဲ့ အမဲလိုက်ကွင်း တခုပါ။ ကျွန်တော်တို့ဆီမှာလဲ street photography က အရင်က လူသိပ်မရိုက်သည့်တိုင်အောင် အခုခေတ်မှာတော့ လူအတော်များများ စိတ်ဝင်စားလာကြ၊ အားပေးလာကြပါပြီ။ ဒီနေရာမှာ လမ်းပေါ်ထွက်ရိုက်ကူးနေရင်းနဲ့ လူပတ်ဝန်းကျင်၊ မြို့ပြပတ်ဝန်းကျင်ကို မှတ်တမ်းတင်တဲ့ နေရာမှာ လုပ်နေကြ တတ်ကျွမ်းပြီးသား နည်းစနစ်တွေကို ထပ်တလဲလဲလုပ်နေမယ့် အစား အိုင်ဒီယာ အသစ် ကိုယ်ကျွမ်းကျင်ပြီးသား မဟုတ်တဲ့ နည်းစနစ် အသစ်တွေကို လေ့ကျင့်ဖို့ကလဲ အရေးပါလာပါတယ်။ ကျွန်တော်တို့ဆီက ဓာတ်ပုံလောကမှာ landscape, model, commercial စသဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့် ဓာတ်ပုံဆရာကြီးများ ရှိပေမယ့် street photo မှာတော့ လေ့လာလိုက်စားသူ သိပ်မရှိခဲ့တော့ ကျွန်တော်တို့ခေတ်မှာ ဝါသနာပါရင်တောင် လေ့လာဖို့ အခက်အခဲရှိတယ် နောက် ဓာတ်ပုံစာအုပ်ဆိုတာကလဲ ဒီမှာ ဝယ်...