Posts

Showing posts from August 7, 2024

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

Image
လွန်ခဲ့တဲ့ နှစ်ရက်က Sony က flagship ကင်မရာ A9 ကို ကြေငြာတော့ no blackout viewfinder ဆိုတာ ထည့်ကြေငြာပါတယ်။ သူ့ရဲ့ feature အသစ် no blackout ဟာ တကယ်လဲ လိုအပ်နေတဲ့ နည်းပညာဖြစ်ပြီး ကမ္ဘာ့ဘပထမဆုံး စပါတဲ့ mirrorless ကင်မရာဖြစ်လာပါတယ်။ အဲဒီဟာကဘာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ What is Blackout? Blackout ဆိုတာ စကရင် ဒါမှမဟုတ် viewfinder, optical view finder or electronic viewfinder မှာ ချောင်းကြည့်ရင်းနဲ့ တကယ် ဓာတ်ပုံရိုက်တဲ့ အချိန်မှာ စကရင်စက္ကန့်ပိုင်းလောက် မဲသွားတာကို ဆိုလိုတာပါ။ အထူးသဖြင့် ကျွန်တော်တို့ လူသုံးအများဆုံး ကင်မရာအမျိုးအစားဖြစ်တဲ့ single-lens reflex လို့ခေါ်တဲ့ ဖလင် SLR ကင်မရာတွေ၊ digital single-lens reflex လို့ခေါ်တဲ့ DSLR တွေမှာ တွေ့ရပါတယ်။ 

အောက်ပါပုံကို ကြည့်ရင် ပထမ ဘယ်ဘက်ကပုံမှာ ကင်မရာမရိုက်ခင် မှန်ဘီလူးကလာတဲ့ ပုံရိပ်ကို DSLR ထဲက ဆင်ဆာအရှေ့မှာ ခံထားတဲ့ မှန်တစောင်းလေးကနေ ပုံရိပ်ကို အပေါ်ဘက်ကိုတင်ပြီး အပေါ်ဘက်ကမှ မှန်ချပ်တွေနဲ့ အောက်ဖက်ကလာတဲ့ ပုံရိပ်ကို ချောင်းကြည့်ပေါက်ကို ထည့်ပြီး ဓာတ်ပုံရိုက်မယ်သူကို ကင်မရာက ဘယ်လိုပုံရိပ်မြင်နေရတယ်ဆိုတာ သိအောင် လုပ်ပေးတာဖြစ်ပါတယ်။ တကယ်တမ်း ရိ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.