ဖလင်ကင်မရာ နဲ့ ဓာတ်ပုံရိုက်သင့်လား

အရင်အပတ်က ဖလင်ကင်မရာ အကြောင်းလေးတင်ပြီးတဲ့နောက် ကျွန်တော့်ကို သူငယ်ချင်းတွေကော၊ ဘလောဂ်က စာဖတ်သူ အချို့ကော ဖလင်ကင်မရာ ရိုက်ချင်လို့ ကင်မရာအကြောင်း၊ ဖလင်အကြောင်းမေးလို့ ကျွန်တော် တယောက်ခြင်း စာမပြန်တော့ပဲအချက်အလက်စုံအောင် စဉ်းစားပြီး စာတပုဒ်ရေးတင်လိုက်ပါတယ်။ အဓိကကတော့ ဖလင်ဓာတ်ပုံ ရိုက်သင့်လား မေးရင် ယေဘူယျအားဖြင့် မရိုက်သင့်ဘူးလို့ ကျွန်တော်ဖြေပါ့မယ်ဗျ။ Gatekeeping လုပ်တာမဟုတ်ပါဘူး အများစုအတွက် အခြေအနေမှန်ဖြစ်နေလို့ အဲဒီလိုပြောတာပါ။ ဘာလို့လဲအောက်မှာ ပြန်ရှင်းပါ့မယ်။ အဲဒီအချက်တွေနဲ့ ချိန်ပြီး ပြန်စဉ်းစားဖို့ပါ။ ဘာကြောင့် ဖလင်နဲ့ ရိုက်ချင်တာလဲ ဒီမေးခွန်းကို ဖြေဖို့ ဖြစ်နိုင်ခြေတွေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်။ အဓိကက ဖလင် look လိုချင်လို့ဖြစ်နိုင်တယ်၊ ဖလင်ရဲ့ slow ဖြစ်တဲ့ ဖီလင်ကိုလိုချင်တာလဲဖြစ်နိုင်တယ်၊ ဖလင်ရဲ့ လက်နဲ့ကိုင်လို့ရတဲ့ မီဒီယမ် အထိအတွေ့ကိုကြိုက်လို့လဲဖြစ်နိုင်တယ်၊ ဓာတ်ခဲမလိုပဲ သုံးလို့ရနိုင်တဲ့ မက္ကနီကယ် ဖီလင်နဲ့ ကင်မရာမျိုးကိုကြိုက်လို့လဲဖြစ်နိုင်တယ်၊ နောက်ဆုံး ဖလင်ကင်မရာနဲ့ဆိုတော့ အခြား digital နဲ့ ရိုက်သူတွေကြားထဲ က...