Posts

Showing posts from July 26, 2025

ဓာတ်ပုံပညာနှင့် အခွင့်အလမ်း၊ ဝိရိယထုတ်လေ့လာခြင်း

Image
  ဒီတခေါက်တော့ အရင် ရက်ကလိုပဲ ရောက်တတ်ရာရာနဲ့ ကျွန်တော့ အမြင်အယူအဆ၊ ခံယူချက်တချို့ ရေးဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ပညာရပ်တခုခု မှာ ဝါသနာပါလို့ ကြိုးစားကြတာခြင်းတူတူ ဘာကြောင့် ခရီးရောက်မှု ကွာခြားသလဲပေါ့။  အခွင့်အလမ်း၊ အခွင့်ထူး ဝါသနာပေါ်အခြေခံတဲ့ ပညာရပ်ကို တကယ် စိတ်ပါဝင်စားပြီး တကယ်ကြိုးစားအားထုတ် လေ့လာခြင်းတူတူမှာ တိုးတက်မှု၊ ခရီးရောက်မှု ကွာရခြင်းထဲမှာ အခွင့်အလမ်း၊ အခွင့်ထူးကွာခြားခြင်း (privilege) ကွာခြင်းက အရေးကြီးတဲ့ တချက်ဖြစ်တယ်လို့ ကျွန်တော်က ယူဆတယ်။  ဒီ အခွင့်အလမ်းကွာခြင်းကြောင့် လေ့လာသူခြင်းတူတူမှာ ခရီးရောက်မှု ကွာခြားချက် ကြီးမားတယ်လို့ထင်တယ်။ တာထွက်တဲ့ အချိန်နေရာ မတူသလိုပေါ့ ပန်းတိုင်ရောက်ဖို့က အချို့အတွက်က သက်သာသလောက်၊ အချို့အတွက်က သူများရောက်တဲ့နေရာ ရောက်ဖို့ အများကြီး ပိုကြီးစားရတယ်။  မွေးကတည်းက ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်မှာ မွေးတဲ့ သူနဲ့ ခေါ်ပေါ် စက်ပစ္စည်း ဘာမှမဝယ်နိုင်တဲ့ မိသားစုမှာ မွေးသူ ဓာတ်ပုံပညာရှင် ဖြစ်ဖို့ အားထုတ်ခဲ့ရခြင်းမတူပါ။ သူများ ၁၀ လှမ်းလောက်နဲ့ ရောက်တဲ့နေရာကို ကိုယ်က အလှမ်း ၁၀၀ လောက်ရောက်ရတာ ဘဝ ကပေးလာတဲ့ တာထွက်ရတဲ့ privilege မတူနေလို...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.