Posts

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

Image
လွန်ခဲ့တဲ့ နှစ်ရက်က Sony က flagship ကင်မရာ A9 ကို ကြေငြာတော့ no blackout viewfinder ဆိုတာ ထည့်ကြေငြာပါတယ်။ သူ့ရဲ့ feature အသစ် no blackout ဟာ တကယ်လဲ လိုအပ်နေတဲ့ နည်းပညာဖြစ်ပြီး ကမ္ဘာ့ဘပထမဆုံး စပါတဲ့ mirrorless ကင်မရာဖြစ်လာပါတယ်။ အဲဒီဟာကဘာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ What is Blackout? Blackout ဆိုတာ စကရင် ဒါမှမဟုတ် viewfinder, optical view finder or electronic viewfinder မှာ ချောင်းကြည့်ရင်းနဲ့ တကယ် ဓာတ်ပုံရိုက်တဲ့ အချိန်မှာ စကရင်စက္ကန့်ပိုင်းလောက် မဲသွားတာကို ဆိုလိုတာပါ။ အထူးသဖြင့် ကျွန်တော်တို့ လူသုံးအများဆုံး ကင်မရာအမျိုးအစားဖြစ်တဲ့ single-lens reflex လို့ခေါ်တဲ့ ဖလင် SLR ကင်မရာတွေ၊ digital single-lens reflex လို့ခေါ်တဲ့ DSLR တွေမှာ တွေ့ရပါတယ်။ 

အောက်ပါပုံကို ကြည့်ရင် ပထမ ဘယ်ဘက်ကပုံမှာ ကင်မရာမရိုက်ခင် မှန်ဘီလူးကလာတဲ့ ပုံရိပ်ကို DSLR ထဲက ဆင်ဆာအရှေ့မှာ ခံထားတဲ့ မှန်တစောင်းလေးကနေ ပုံရိပ်ကို အပေါ်ဘက်ကိုတင်ပြီး အပေါ်ဘက်ကမှ မှန်ချပ်တွေနဲ့ အောက်ဖက်ကလာတဲ့ ပုံရိပ်ကို ချောင်းကြည့်ပေါက်ကို ထည့်ပြီး ဓာတ်ပုံရိုက်မယ်သူကို ကင်မရာက ဘယ်လိုပုံရိပ်မြင်နေရတယ်ဆိုတာ သိအောင် လုပ်ပေးတာဖြစ်ပါတယ်။ တကယ်တမ်း ရိ...

Dear Streetphotographers ဓာတ်ပုံဆိုတာ ကမ္ဘာသုံး ဘာသာစကားပါ

Image
  Visual Arts ကို ကြိုက်မိတဲ့အထဲမှာ အချက်တစ်ချက်က visual arts ဟာ universal language တစ်ခုဖြစ်တယ် လူသားတိုင်း ယေဘူယအားဖြင့် နားလည်ခံစားလို့ရအောင် လုပ်ပေးနိုင်တယ်လို့ ခံစားမိတာကလဲ တစ်ချက်ပါပါတယ်။ Visual arts တွေဖြစ်တဲ့ photography, icon design, UX လုပ်တာပဲဖြစ်ဖြစ် pictogram ပဲဖြစ်ဖြစ် ပန်းချီကားတစ်ချပ်ပဲဖြစ်ဖြစ် အားလုံးဟာ ဘာသာစကား တစ်ခုခုကို မမှီခိုပဲ ကြည့်ရှုခံစားသူ viewer နဲ့ communicate လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ကျွှန်တော်တို့ ဘယ်နိုင်ငံပဲသွားသွား လေဆိပ်တွေမှာ ရှော့ပင်းမောတွေမှာ သူတို့နိုင်ငံဘာသာစကား မတတ်ဘူး၊ စာမဖတ်တတ်သည့်တိုင်အောင် အိမ်သာကဘယ်နေရာမှာ ဓာတ်လှေကားက ဘယ်မှာ မီးလောင်ရင်ထွက်ရမယ့် အပေါက်ကဘယ်မှာ စသဖြင့် ခွဲခြားသိကြပါတယ်။ ဆိုလိုတာက အဲဒီ pictogram လေးတွေဟာ ဘာသာစကားအပေါ်မမှီခိုပဲ လူတိုင်း အခြေခံနားလည်နိုင်တဲ့ universal language ဖြစ်တာကြောင့်ပါ။ ဒီအချက်လေးကို သတိပြုမိရင် သူ့ရဲ့ အရေးပါတဲ့အချက်လေးကိုခံစားမိရင် street photographer တွေ အနေနဲ့ သတိထားသင့်တာက ကိုယ့်ရဲ့ ဓာတ်ပုံဟာ ဘာသာစကား စာတစ်ခုခုကို မှီခိုမှ အဓိပ္ပါယ် တစ်ခုခုရှိတယ်ဆိုရင် တစ်ခုခုတော့လွဲနေပြီ ဆိုတဲ့အချက်ကိုသတိထားသ...

အရေးပေါ်အခြေအနေတွင် သိထားသင့်သော Fight-or-flight နှင့် OODA စက်ဝိုင်း

Image
  ကျွန်တော်   ဒီတခေါက်တော့   ဓာတ်ပုံအကြောင်း   မဟုတ်ပဲ   စစ်မြေပြင်နှင့်   အန္တရာယ်ရှိတဲ့   ဒေသတွေမှာ   ဘယ်လို   အတတ်နိုင်ဆုံး   အန္တရာယ်ရှိနိုင်တဲ့   အခြေအနေကို   လျော့ချနိုင်မလဲဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗျ။   ကျွန်တော်တို့ နိုင်ငံမှာက လက်ရှိမှာ စစ်ဘေးဒဏ်ကော၊ သဘာဝဘေးဒဏ်တွေကော ဆက်တိုက်ကြုံနေရတာမို့ အသက်အန္တရာယ်နီးတဲ့ အချိန်ဘယ်လို သတင်းအချက်အလက်နဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်လေ့လာ ခဲ့ရသလောက် ပြန်မျှဝေမှာပါ။ ဒါတွေက လက်ရှိအချိန်မှာ လူတိုင်း သိထားတာ မမှားဖူးလို့ထင်ပါတယ်။ ဒီအချက်အလက်တွေက ကျွန်တော်ကိုယ်တိုင်လဲ HEFAT လို့ခေါ်တဲ့ Hostile Environment & First-Aid Training စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ဇုံတွေမှာ သတင်းယူဖို့ အန္တရာယ်ကင်း အထောက်အကူပြု သင်တန်းမှာ လေ့လာခဲ့ရတာတွေကို ပြန်မျှဝေခြင်းဖြစ်ပါတယ်။ Fight-or-Flight  လူတွေကော၊ သက်ရှိ အခြား သတ္တဝါတွေကောမှာ မျှော်လင့်မထားတဲ့ အရေးကြုံလာတဲ့အခါ ပထမဆုံးဖြစ်လာတဲ့ ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမှာ ဒီလိုဖြစ်...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.