Posts

Visual Arts နှင့် အမြင်ပိုင်းဆိုင်ရာ အနုပညာ ဖွဲ့စည်းပုံ

Image
  Rule of third grid ကျွန်တော်က အရင်ကတည်းက visual arts တွေ ကြိုက်တယ် ဂရပ်ဖစ်ဒီဇိုင်း လဲ နှစ်သက်တယ်၊ အလုပ်လုပ်တယ် နောက်ပိုင်း ဓာတ်ပုံပါရိုက်ဖြစ်ပေမယ့် အလုပ်တွေက visual arts တွေ ဖြစ်တာနဲ့ အညီအခြေခံတွေက တူပါတယ်။ အရင်ကလဲ အားတိုင်းစဉ်းစားရင်း စိတ်ထင်ရာရေးတာမို့ အမြင်မတူရင်လဲ အားနာစရာမရှိပဲ လွပ်လွပ် လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ စဉ်းစားမိသလောက်ပေါ့ visual arts မှာ အကန့်အသတ် limit ရှိတယ်လို့ ထင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာမဟုတ်ပါဘူး မီဒီယမ် အကန့်အသတ်ပါ။ ပန်းချီပဲဖြစ်စေ၊ ဂရပ်ဖစ်ပဲဖြစ်စေ၊ ဓာတ်ပုံပဲဖြစ်စေ၊ ဗီဒီယိုဂရပ်ဖီပဲဖြစ်စေပေါ့။ လေးထောင့် အကန့်အသတ်လား၊ wide 16:9 အချိုးနဲ့ လားစသဖြင့်ပေါ့ ရှိတယ်။ စဉ်းစားမိသလောက် visual မှာ လုပ်မယ်ဆို visual performance art သာလျှင် အကန့်အသတ် ဘောင် မရှိသလို viewer က ကြိုက်တဲ့နေရာက ကြည့်လို့ ရတယ်လို့ထင်ပါတယ်။ 360º မှာအကန့်အသတ်မရှိတော့ဘူးထင်ရပေမယ့် perspective လို့ခေါ်တဲ့ ရှုထောင့်က ဖန်တီးသူပြတဲ့နေရာကပဲ ကြည့်ရပါတယ်။ ကျန်တဲ့ viewer က ကြိုက်တဲ့နေရာက ကြည့်လို့ မရဘူး နောက် မီဒီယမ် မှာ အကန့်အသတ် ဘောင်ရှိတယ်။ ဆိုတော့ အနုပညာရှင်က ဘာပြချင်သလဲပေါ်မူတည်ပြီး ဘ...

Street Photographer များ လုပ်မိလေ့ရှိသော အမှားများ

Image
 Street photography ဆိုတာ လွယ်မလိုနဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ အမျိုးအစားတခုပါ။ Rules တွေကို လိုက်နာဖို့လိုတဲ့ အခါလဲ လိုတယ် ဖောက်ထွက်ဖို့ လိုတဲ့ အခါလဲ လိုပါတယ်။ နောက်တခုက မြို့ပြနေ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် အိမ်ကထွက်လိုက်တာနဲ့ လမ်းပေါ်ရောက်ပြီး ရိုက်ကူးဖို့၊ လေ့ကျင့်ဖို့ အလွယ်ရောက်နိုင်တဲ့ အမဲလိုက်ကွင်း တခုပါ။ ကျွန်တော်တို့ဆီမှာလဲ street photography က အရင်က လူသိပ်မရိုက်သည့်တိုင်အောင် အခုခေတ်မှာတော့ လူအတော်များများ စိတ်ဝင်စားလာကြ၊ အားပေးလာကြပါပြီ။ ဒီနေရာမှာ လမ်းပေါ်ထွက်ရိုက်ကူးနေရင်းနဲ့ လူပတ်ဝန်းကျင်၊ မြို့ပြပတ်ဝန်းကျင်ကို မှတ်တမ်းတင်တဲ့ နေရာမှာ လုပ်နေကြ တတ်ကျွမ်းပြီးသား နည်းစနစ်တွေကို ထပ်တလဲလဲလုပ်နေမယ့် အစား အိုင်ဒီယာ အသစ် ကိုယ်ကျွမ်းကျင်ပြီးသား မဟုတ်တဲ့ နည်းစနစ် အသစ်တွေကို လေ့ကျင့်ဖို့ကလဲ အရေးပါလာပါတယ်။ ကျွန်တော်တို့ဆီက ဓာတ်ပုံလောကမှာ landscape, model, commercial စသဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့် ဓာတ်ပုံဆရာကြီးများ ရှိပေမယ့် street photo မှာတော့ လေ့လာလိုက်စားသူ သိပ်မရှိခဲ့တော့ ကျွန်တော်တို့ခေတ်မှာ ဝါသနာပါရင်တောင် လေ့လာဖို့ အခက်အခဲရှိတယ် နောက် ဓာတ်ပုံစာအုပ်ဆိုတာကလဲ ဒီမှာ ဝယ်...

ကြည့်ရှုသူကို မေးခွန်းထုတ်သော ဓာတ်ပုံများ

Image
  ကျွန်တော်တို့ ဓာတ်ပုံတွေအကြောင်းပြောရင် မြန်မာနိုင်ငံမှာ လိုအပ်နေပေမယ့်တွေ့ ရနည်းတဲ့ ဓာတ်ပုံအမျိုးအစားအကြောင်းတွေကို များများပြောချင်ပါတယ်။ အဲဒီထဲက အမျိုးအစားကတော့ မှတ်တမ်း နှင့် သတင်းဓာတ်ပုံ အမျိုးအစားပါ။ ကျွန်တော်တို့ဆီမှာ ဓာတ်ပုံဆရာလို့ပြောရင် အများစုက ရှုခင်းပုံ၊ ခရီးသွား ဒေသန္တရအလှပုံ နှင့် လူအလှပုံရိုက်သူတွေလို့ပဲ အများစုက ထင်ကြပါတယ်၊ တကယ်လဲ ဓာတ်ပုံ လောကရဲ့ နာမည်ကြီး ဓာတ်ပုံဆရာအများစု၊ ဓာတ်ပုံအသင်းအဖွဲ့တွေက ဒီအထက်ပါ အမျိုးအစားတွေကို အထူးပြုတဲ့ ဓာတ်ပုံတွေများကြတာပဲတွေ့ရပါတယ်။ ဒီဘက် ဆယ်စုနှစ်တခုကျော်အတွင်းမှာ မှတ်တမ်း ဓာတ်ပုံ၊ သတင်းဓာတ်ပုံ၊ အနုပညာရသ အထူးပြု နှင့် လမ်းပေါ်ကဓာတ်ပုံ အမျိုးအစားတွေ စပြီးကျယ်ပြန့်လာပေမယ့် အဆိုပါ အမျိုးအစားတွေနဲ့ ပက်သတ်တဲ့ ပညာရပ်မျိုး လေ့လာဖို့ခက်ခဲတာ၊ ပြန်လည်မျှဝေပေးမယ့်သူရှားပါးတာနဲ့ ထင်သလောက်တော့ ကျယ်ပြန့်မလာဘူးလို့ ကျွန်တော်က ယူဆပါတယ်။ အရင်ခေတ်တွေမှာလဲ ဒီလိုအမျိုးအစားကို အထူးပြုသူ ဓာတ်ပုံဆရာရှားပါးခဲ့ပုံရပြီး ထိမ်းသိမ်းမှုအားနည်းခဲ့တာကြောင့် ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ နှင့် အထက်က မြန်မာနိုင်ငံက လူမှု့ရေး၊ နေထိုင်မှု့ပုံစံ နှင့် နိုင်ငံရေးအ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.