Posts

Street Photographer များ လုပ်မိလေ့ရှိသော အမှားများ

Image
 Street photography ဆိုတာ လွယ်မလိုနဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ အမျိုးအစားတခုပါ။ Rules တွေကို လိုက်နာဖို့လိုတဲ့ အခါလဲ လိုတယ် ဖောက်ထွက်ဖို့ လိုတဲ့ အခါလဲ လိုပါတယ်။ နောက်တခုက မြို့ပြနေ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် အိမ်ကထွက်လိုက်တာနဲ့ လမ်းပေါ်ရောက်ပြီး ရိုက်ကူးဖို့၊ လေ့ကျင့်ဖို့ အလွယ်ရောက်နိုင်တဲ့ အမဲလိုက်ကွင်း တခုပါ။ ကျွန်တော်တို့ဆီမှာလဲ street photography က အရင်က လူသိပ်မရိုက်သည့်တိုင်အောင် အခုခေတ်မှာတော့ လူအတော်များများ စိတ်ဝင်စားလာကြ၊ အားပေးလာကြပါပြီ။ ဒီနေရာမှာ လမ်းပေါ်ထွက်ရိုက်ကူးနေရင်းနဲ့ လူပတ်ဝန်းကျင်၊ မြို့ပြပတ်ဝန်းကျင်ကို မှတ်တမ်းတင်တဲ့ နေရာမှာ လုပ်နေကြ တတ်ကျွမ်းပြီးသား နည်းစနစ်တွေကို ထပ်တလဲလဲလုပ်နေမယ့် အစား အိုင်ဒီယာ အသစ် ကိုယ်ကျွမ်းကျင်ပြီးသား မဟုတ်တဲ့ နည်းစနစ် အသစ်တွေကို လေ့ကျင့်ဖို့ကလဲ အရေးပါလာပါတယ်။ ကျွန်တော်တို့ဆီက ဓာတ်ပုံလောကမှာ landscape, model, commercial စသဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့် ဓာတ်ပုံဆရာကြီးများ ရှိပေမယ့် street photo မှာတော့ လေ့လာလိုက်စားသူ သိပ်မရှိခဲ့တော့ ကျွန်တော်တို့ခေတ်မှာ ဝါသနာပါရင်တောင် လေ့လာဖို့ အခက်အခဲရှိတယ် နောက် ဓာတ်ပုံစာအုပ်ဆိုတာကလဲ ဒီမှာ ဝယ်...

ကြည့်ရှုသူကို မေးခွန်းထုတ်သော ဓာတ်ပုံများ

Image
  ကျွန်တော်တို့ ဓာတ်ပုံတွေအကြောင်းပြောရင် မြန်မာနိုင်ငံမှာ လိုအပ်နေပေမယ့်တွေ့ ရနည်းတဲ့ ဓာတ်ပုံအမျိုးအစားအကြောင်းတွေကို များများပြောချင်ပါတယ်။ အဲဒီထဲက အမျိုးအစားကတော့ မှတ်တမ်း နှင့် သတင်းဓာတ်ပုံ အမျိုးအစားပါ။ ကျွန်တော်တို့ဆီမှာ ဓာတ်ပုံဆရာလို့ပြောရင် အများစုက ရှုခင်းပုံ၊ ခရီးသွား ဒေသန္တရအလှပုံ နှင့် လူအလှပုံရိုက်သူတွေလို့ပဲ အများစုက ထင်ကြပါတယ်၊ တကယ်လဲ ဓာတ်ပုံ လောကရဲ့ နာမည်ကြီး ဓာတ်ပုံဆရာအများစု၊ ဓာတ်ပုံအသင်းအဖွဲ့တွေက ဒီအထက်ပါ အမျိုးအစားတွေကို အထူးပြုတဲ့ ဓာတ်ပုံတွေများကြတာပဲတွေ့ရပါတယ်။ ဒီဘက် ဆယ်စုနှစ်တခုကျော်အတွင်းမှာ မှတ်တမ်း ဓာတ်ပုံ၊ သတင်းဓာတ်ပုံ၊ အနုပညာရသ အထူးပြု နှင့် လမ်းပေါ်ကဓာတ်ပုံ အမျိုးအစားတွေ စပြီးကျယ်ပြန့်လာပေမယ့် အဆိုပါ အမျိုးအစားတွေနဲ့ ပက်သတ်တဲ့ ပညာရပ်မျိုး လေ့လာဖို့ခက်ခဲတာ၊ ပြန်လည်မျှဝေပေးမယ့်သူရှားပါးတာနဲ့ ထင်သလောက်တော့ ကျယ်ပြန့်မလာဘူးလို့ ကျွန်တော်က ယူဆပါတယ်။ အရင်ခေတ်တွေမှာလဲ ဒီလိုအမျိုးအစားကို အထူးပြုသူ ဓာတ်ပုံဆရာရှားပါးခဲ့ပုံရပြီး ထိမ်းသိမ်းမှုအားနည်းခဲ့တာကြောင့် ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ နှင့် အထက်က မြန်မာနိုင်ငံက လူမှု့ရေး၊ နေထိုင်မှု့ပုံစံ နှင့် နိုင်ငံရေးအ...
My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.